တာမိုးညဲမြို့နယ်ခွဲ ရပ်ကွက် ၆ ရှိ ဝါးရုံပင်အောက်၌ ကလေးများဆော့ကစားနေစဉ် အပင်ကြားညပ်နေသော RPG တစ်လုံး ပြုတ်ကျ ပေါက်ကွဲခဲ့ရာ ကလေးတစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရ
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ကွက်ခိုင်မြို့နယ် တာမိုးညဲ မြို့နယ်ခွဲ ရပ်ကွက် ၆ မှာရှိတဲ့ ဝါးရုံပင်တစ်ပင်အောက်မှာ ဇန်န ဝါရီ ၆ ရက်နေ့ နေ့လယ် ၃ နာရီဝန်ကျင်အချိန်ခန့်က ကလေးတွေဆော့ကစားနေစဉ် ဝါးရုံပင်ကြားမှာညပ်နေတဲ့ RPG တစ်လုံးပြုတ်ကျမှု ကြောင့် ပေါက်ကွဲခဲ့ရာ ကလေးနှစ်ဦးထိမှန်ခဲ့ပြီး တစ်ဦးသေဆုံးကာ တစ်ဦး ပြင်းထန်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။