ဒဂုံအရှေ့မြို့နယ် ၁၀၈ ရပ်ကွက် ကျန်စစ်သားလမ်းမပေါ် အမှိုက်ပုံးတွင် ပေါက်ကွဲမှု ဖြစ်ပွားပြီးတစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ (ရုပ်သံ)
ဒဂုံအရှေ့မြို့နယ် ၁၀၈ ရပ်ကွက်နှင့် ၁၃ ရပ်ကွက်ကြား ကျန်စစ်သားလမ်းမပေါ် ၁၀၈ ရပ်ကွက်ဖက်အခြမ်းရေနုတ်မြောင်းကူးတံတားဘေးရှိ စည်ပင်အမှိုက်ပုံးတွင် ဇန်နဝါရီ ၈ ရက် နံနက် ၇ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားရာ တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရရှိသွားကြောင်း ယင်းမြို့နယ်နေသူများထံမှ သိရပါတယ်၊