တာချီလိတ်မြို့နယ် ၌ပြုလုပ်သော ပန်းခင်းစီမံချက် မှတ်ပုံတင်ကတ်ပြားပေးအပ်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်တက်ရောက်အပြီး လက်ပစ်ဗုံးပေါက်ကွဲမှုဖြစ်ပွား
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် အောင်မြတ်ခန်းမ အနောက်ဘက်အပေါက်၌ ဇန်နဝါရီ ၉ ရက် နံနက် ၁၁ နာရီခွဲအချိန်ခန့်က ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း တက်ရောက်သော ပန်းခင်းစီမံချက် မှတ်ပုံတင်ကတ်ပြားပေးအပ်ပွဲအခမ်းအနား ပြီးဆုံးပြီးနောက် မိနစ်အနည်းငယ်အကြာတွင် လက်ပစ်ဗုံးဖြင့် လာရောက်ပစ်ခတ်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်၊