စစ်ဦးစီးအရာရှိချုပ်(လေ)ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်အား ကာကွယ်ရေးဦးစီးချုပ်(လေ)အဖြစ် တာဝန်ပေးအပ်
ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်သည် နစကအဖွဲ့ဝင်အဖြစ် ဆက်ရှိနေမည် ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ရဲ့ ဗိုလ်ချုပ်ကြီးလုပ်သက်ပြည့်သွားတာကြောင့် စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီးထွန်းအောင်ကို ကာကွယ်ရေးဦးစီးချုပ်(လေ)အဖြစ် တာဝန်ပေးအပ်ခဲ့ပြီး ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ကတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကောင်စီအဖွဲ့ဝင်အဖြစ် ဆက်ရှိနေမှာဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။