ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် မြင့်တက်လာသောကြောင့် ဂျပန်က နယ်စပ်ပိတ်ထားခြင်းကို ဖေဖော်ဝါရီလကုန်အထိ သက်တမ်းတိုးမည်
အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်က လောင်စာ ထိုးပေးနေသောကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ တလိပ်လိပ်တက်လာခြင်းကို ရင်ဆိုင်နေရသောကြောင့် ဂျပန်နိုင်ငံသည် ပြည်ပမှ ထပ်မံဆိုက်ရောက်လာသူအားလုံးနီးပါးကို ဖေဖော်ဝါရီလကုန်ပိုင်းအထိ ပိတ်ပင်မည့် အစီအမံများကို သက်တမ်းတိုးသွားမည် ဖြစ်ကာ လူအများအပြားကို ကာကွယ်ဆေးထိုးနှံပေးမည့် နေရာများအား ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဟု ဇန်နဝါရီ ၁၁ ရက်တွင် ဂျပန်အစိုးရက ပြောကြားခဲ့သည်။