Friday FootBall Feeling (ရုပ်သံအစီအစဉ်)

Friday FootBall Feeling (ရုပ်သံအစီအစဉ်)
Published 1 February 2019

■ ဒီတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုတွေပေးမယ့် မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ရဲ ့ ပွဲစဉ်အကြောင်း

■ “မန်ုစီးတီးက အာဆင်နယ်ဆို နောက််ပိုင်းပွဲတွေမှာ အသာရတာများတယ်။ အဂွဲရိုးနဲ့စတာလင်တို့က ခြေစွမ်းကောင်းနေတော့ သူတို့ ဂိုးသွင်းမယ်လို့ ထင်တယ်။ ၂-၀၊ ၂-၁ နဲ့ နိုင်သွားမယ်လို့ထင်ပါတယ်။” ( မန်စီးတီးအသင်း ပရိသတ်) ■ “တခြားအသင်းတွေ လူခေါ်တာမြင်ရင် ကိုယ်တွေလဲလိုချင်တယ်။ ဒါပေမယ့်အသင်းကို ရောက်မှသာ ရောက်ပြီလို့ပြောနိုင်တယ်။ လာကာဇက်နဲ့ အူဘာမီယန်းတို့ ဂိုးသွင်းမယ်ထင်တယ်။ ၁-၁၊ ဒါမှမဟုတ် ၂-၂ ဆိုတဲ့ သရေရလဒ်နဲ့ ပြီးသွားမယ်ထင်တယ်။” (အာဆင်နယ်ပရိသတ်)

■ ဗိုလ်လုပွဲတိုင်းအသာရတတ်တဲ့ ဂျပန်အသင်းနဲ့ ဗိုလ်လုပွဲကို ပထမဆုံးအကြိမ်တက်ရောက်လာတဲ့ ကာတာအသင်းတို့ရဲ့ အာရှဖလား ဗိုလ်လုပွဲစဉ်အကြောင်း အစရှိတဲ့ စိတ်ဝင်စားဖွယ်ရာအားကစားအကြာင်းအရာတွေကို ဒီတစ်ပတ်မှာတင်ဆက် ပေးထားပါတယ်။

Most Viewed

Most Recent