ကာ/လုံတွင် အခြေအနေတင်ပြ၍ သက်တမ်းတိုးနိုင်ရန် ဆောင်ရွက်မည်

ကာ/လုံတွင် အခြေအနေတင်ပြ၍ သက်တမ်းတိုးနိုင်ရန် ဆောင်ရွက်မည်
Published 16 January 2022

အရေးပေါ်အခြေအနေကြေညာမှုတစ်နှစ်ပြည့်လျှင် ကာ/လုံတွင် အခြေအနေတင်ပြ၍ သက်တမ်းတိုးနိုင်ရန် ဆောင်ရွက်မည်ဟု နစကပြောရေးဆိုခွင့်ရှိသူပြောကြား

အရေးပေါ်အခြေအနေကြေညာမှုတစ်နှစ်ပြည့်ရင် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ အခြေအနေတင်ပြကာ သက်တမ်းတိုးနိုင်ရန် ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇန်နဝါရီလ ၁၄ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။