ရန်ကုန်တိုင်းစာရင်းစစ်ချုပ်အား တရားလိုပြ သက်သေအဖြစ် စစ်ဆေး

ရန်ကုန်တိုင်းစာရင်းစစ်ချုပ်အား တရားလိုပြ သက်သေအဖြစ် စစ်ဆေး
Published 16 January 2022

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် အဂတိအမှုများထဲမှ သုံးမှုအတွက် ရန်ကုန်တိုင်းစာရင်းစစ်ချုပ်အား တရားလိုပြ သက်သေအဖြစ် စစ်ဆေး

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ စွဲဆိုထားတဲ့အမှုတွေအတွက် ဇန်နဝါရီ ၁၄ ရက်က နေပြည်တော်ကောင်စီဝန်းအတွင်းရှိ အထူးတရားရုံးမှာ ရုံးထုတ်ခဲ့ပြီး သုံးမှုအတွက် ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ကို တရားလိုပြ သက်သေအဖြစ် အဓိကစစ်ဆေးခြင်းနဲ့ ပြန်လှန်စစ်မေးခြင်းတွေကို ဆောင်ရွက်ခဲ့ကြောင်း အမှုနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရပါတယ်။