၂၄ ဒဿမ ၅ ဘီလျံတန်ဖိုးရှိ အိုက်စ် နှင့် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

၂၄ ဒဿမ ၅ ဘီလျံတန်ဖိုးရှိ အိုက်စ် နှင့် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ
Published 17 January 2022

ပုသိမ်ကြီးမြို့နယ်တွင် ကျောက်မီးသွေးများဖြင့် ဖုံးအုပ်ထားသည့် ငွေကျပ် ၂၄ ဒဿမ ၅ ဘီလျံတန်ဖိုးရှိ အိုက်စ် နှင့် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် FUSO ၁၂ ဘီး မော်တော်ယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် ကျောက်မီးသွေးများဖြင့် ဖုံးအုပ်ထားသော ငွေကျပ် ၂၄ ဒဿမ ၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)နှင့် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း ဇန်နဝါရီလ၊ ၁၅ ရက်နေ့ CCDAC MYANMAR ၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရပါသည်။