ကျောက်ဆည်တွင် ၂၂ ဘီး တွဲကားယာဉ်ပေါ်မှ ကျပ် ၁၉ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ အိုက်စ်များ သိမ်းဆည်းရမိ

ကျောက်ဆည်တွင် ၂၂ ဘီး တွဲကားယာဉ်ပေါ်မှ ကျပ် ၁၉ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ အိုက်စ်များ သိမ်းဆည်းရမိ
Published 17 January 2022

ကျောက်ဆည်တွင် ၂၂ ဘီး တွဲကားယာဉ်ပေါ် ပြောင်းဖူးအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ကျပ် ၁၉ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ သိမ်းဆည်းရမိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရန်ကုန်-မန္တလေးသွား ကားလမ်းမှာ ၂၂ ဘီး တွဲကားယာဉ်ပေါ်မှ ပြောင်းဖူးအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာတဲ့ ဆာလာအိတ်များ အတွင်းမှ ဒေသ ကာလတန်ဖိုးငွေကျပ် ၁၉ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၉၉၀ ကီလိုအား သိမ်းဆည်းရမိခဲ့တယ်လို့ သက်ဆိုင်ရာရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။