ဂျိုးဖြူပိုက်ယိုစိမ့်မှုကို ပိုက်အသစ်အစားထိုးမည်ဖြစ်သောကြောင့် မြို့နယ် ၁၇ မြို့နယ်တွင် ပြတ်တောက်မည်
ဂျိုးဖြူပိုက်ယိုစိမ့်မှုကို ပိုက်အသစ်အစားထိုးမည်ဖြစ်သောကြောင့် မြို့နယ် ၁၇ မြို့နယ်တွင် ရေအားလျော့နည်းပြတ်တောက်မည်
ရေကူးရေတွန်းစက်ရုံဝင်းအတွင်းရှိ ဂျိုးဖြူပိုက်ယိုစိမ့်မှုကို ပိုက်အသစ်အစားထိုးမှာဖြစ်တဲ့အတွက် ဇန်နဝါရီ ၁၈ ရက်နှင့် ဇန်နဝါရီ ၁၉ ရက်တို့မှာ မြို့နယ် ၁၇ မြို့နယ်၌ ရေအား လျော့နည်းပြတ်တောက်မှာဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) က ဇန်နဝါရီ ၁၆ ရက်မှာ သတင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။