တပ်မတော်ကာကွယ်ရေးဦးစီချုပ်၏ နိုင်ငံရေးဆွေးနွေးခြင်းဖိတ်ခေါ်ချက်ကို ကြိုဆိုကြောင်း RCSS ထုတ်ပြန်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နိုင်ငံရေးဆွေး နွေးခြင်းဖိတ်ခေါ်ချက်ဟာ လက်ရှိအထွေထွေနိုင်ငံရေး အကျပ်အတည်းဖြေရှင်းနိုင်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရည်မှန်းပါက ကြိုဆိုကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၏ တတိယအကြိမ်မြောက် ကောင်စီကွန်ဂရက်ထုတ်ပြန်ချက်မှာ ထည့်သွင်းထားဖော်ပြထားပါတယ်။