ထိုင်းနိုင်ငံသို့ တရားမဝင်ပို့ဆောင်မည့် မြန်မာအလုပ်သမား ၂၀၀ ကျော်အား ရန်ကုန်မြို့တွင် တားဆီးနိုင်ခဲ့
ထိုင်းနိုင်ငံသို့ တရားမဝင်ပို့ဆောင်မယ့် မြန်မာအလုပ်သမား ၂၀၀ ကျော်ကို ရန်ကုန်မြို့မှာ တားဆီးကယ်တင်နိုင်ခဲ့တယ်လို့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)က ဇန်နဝါရီ ၁၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။