သေဆုံးသွားသည့် ကျောင်းသား၏မိသားစုကို မြောက်ကိုရီးယားပိုင်ဒေါ်လာ ၂၄၀,၀၀၀ ပေးအပ်ရန် အမေရိကန်တရားရုံး အမိန့်ချ
မြောက်ကိုရီးယားမှာ ၁၇ လကြာဖမ်းဆီးခံရပြီး မိခင်နိုင်ငံကိုပြန်ရောက်လာပြီးရက်ပိုင်းအကြာမှာပဲ သေဆုံးသွားတဲ့ အမေ ရိကန်ကျောင်းသား အော်တိုဝမ်ဘီယာရဲ့မိသားစုကို မြောက်ကိုရီးယားဘဏ်တစ်ခုကနေသိမ်းယူထားတဲ့ ဒေါ်လာ ၂၄၀,၀၀၀ ပေးအပ်ဖို့ အမေရိကန်ရုံးတော်က စီရင်ချက်ချလိုက်ပါတယ်။