ဟားဗနားရောဂါ ဖြစ်ပွားရာတွင် ပြည်ပနှောင့်ယှက်မှုမပါဟု စီအိုင်အေထုတ်ပြန်
အမေရိကန်သံတမန်တွေက အကြောင်းကြားခဲ့တဲ့ နားလည်ရခက်တဲ့ ဟားဗနားရောဂါလက္ခဏာစု ခံစားရသူ ရာပေါင်း များစွာရဲ့နောက်ကွယ်မှာ ပြည်ပအစိုးရအဖွဲ့ပါဝင်နိုင်ဖွယ်ရာမရှိဘူးလို့ စီအိုင်အေက ကောက်ချက်ချခဲ့ပြီး ရောဂါလက္ခဏာ ခံစားရ သူ အားလုံးနီးပါးလောက်ဟာ သမားရိုးကျဆေးတွေကြောင့်သော်လည်းကောင်း၊ ပတ်ဝန်းကျင်အနေအထားကြောင့်သော် လည်းကောင်း ဖြစ်ရတာဖြစ်တယ်လို့ ဇန်နဝါရီ ၂၀ ရက်မှာ အမေရိကန်အကြီးတန်းတာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။