ပြင်သစ် Total နှင့် အမေရိကန် Chevron စွမ်းအင်ကုမ္ပဏီများမြန်မာမှလုပ်ငန်းများ ရုပ်သိမ်းမည်ဖြစ်ပြီး မြန်မာမှထွက်ခွာသည့် ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ များပြားလာ
နိုင်ငံတကာစွမ်းအင်ကုမ္ပဏီတွေဖြစ်တဲ့ ပြင်သစ်နိုင်ငံက TotalEnergies နဲ့ အမေရိကန်က Chevron တို့ မြန်မာနိုင်ငံက လုပ်ငန်းတွေ ကို ရုပ်သိမ်းတော့မှာဖြစ်တယ်လို့ ဇန်နဝါရီ ၂၁ ရက်က ကြေညာခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မြန်မာနိုင်ငံကနေထွက်ခွာတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ အရေအတွက် ပိုများပြားလာခဲ့ပြီဖြစ်ပါတယ်။