လူသားချင်းကူညီထောက်ပံ့ပေးရေးကိစ္စ ဆွေးနွေးရန် တာလီဘန်နှင့်အနောက်နိုင်ငံအုပ်စုတို့ နော်ဝေတွင် တွေ့မည်
အာဏာရပြီးနောက် ပထမဆုံးတရားဝင်အနောက်ခရီးစဉ်အဖြစ် တာလီဘန်ကိုယ်စားလှယ်အဖွဲ့ဟာ နောက်တစ်ပတ်မှာ အနောက်နိုင်ငံအရာရှိတွေနဲ့ နော်ဝေနိုင်ငံ၊ အော်စလိုမြို့မှာတွေ့ပြီး လူ့အခွင့်အရေးကိစ္စနဲ့ လူသားချင်းစာနာထောက်ပံ့ပေးရေး ကိစ္စတို့ ဆွေးနွေးကြမှာဖြစ်ပါတယ်။