သေဒဏ်ချမှတ်ခြင်းကို ဖျက်သိမ်းပြီး နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရန် ဆွီဒင်နိုင်ငံတောင်းဆို
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဖမ်းဆီးခံရသူအချို့အပေါ် သေဒဏ်ချမှတ်ခြင်းကို ဖျက်သိမ်းပြီး နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန်ဆွီဒင်နိုင်ငံက တောင်းဆိုလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံရုံးက ဇန်နဝါရီ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။