အိန္ဒိယမြို့တော် နယူးဒေလီတွင် အိုမီခရွန်ကူးစက်မှုလှိုင်း လျော့ကျလာသဖြင့် တားမြစ်ကန့်သတ်ချက်များကို ဖြေလျှော့
အိန္ဒိယနိုင်ငံမှာ မကြာသေးမီက အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်ကူးစက်မှုနှေးကွေးခဲ့တယ်လို့ အစိုးရမှတ်တမ်းတွေမှာ ဖော်ပြခဲ့မှုနဲ့အတူ မြို့တော်နယူးဒေလီမှာထုတ်ပြန်ထားတဲ့ ကပ်ရောဂါဆိုင်ရာတားမြစ်ကန့်သတ်ချက်တွေကို ဇန်နဝါရီ ၂၇ ရက်နေ့ကစပြီး ဖြေလျှော့ပေးခဲ့ပြီး ကာဖျူးမိန့်ကို သီတင်းပတ်ကုန်မှာ အဆုံးသတ်သွားမယ်လို့ ဒေသခံတွေက ပြောကြားခဲ့ပါတယ်။