ကျွန်တော်ငယ်ငယ်ကပုံလို့ထင်ကြတဲ့ဓာတ်ပုံက ကျွန်တော့်ပုံအစစ်မဟုတ်ပေမယ့် ကိုယ်တိုင် တောင် ဘယ်တုန်းကရိုက်ထားတဲ့ပုံလည်းဆိုပြီး အံ့သြသွားတယ် လို့ဆိုတဲ့ အောင်မြင့်မြတ်
အောင်မြင့်မြတ်ငယ်စဉ်ကဓာတ်ပုံလို့ဆိုကာ ပရိသတ်တွေအကြား ပျော်စရာအဖြစ် အံ့အားသင့်စေခဲ့တဲ့ ဓာတ်ပုံနဲ့ ပက်သက်ပြီး သရုပ်ဆောင်အောင်မြင့်မြတ်က အဲ့ဓာတ်ပုံက ကျွန်တော့်ပုံ အစစ်မဟုတ်ပေမယ့် ကျွန်တော်နဲ့ တော်တော် တူတာကြောင့် ကိုယ့်ကိုယ်ကိုတောင် ဘယ်တုန်းက ရိုက်ထားတာလဲလို့ထင်မိတယ်လို့ဆိုကာ ခုလိုဖေ့ဘုတ်မှာ တင်လိုက်တာလည်း စနောက်တဲ့အနေနဲ့ တင်လိုက်တာ ဖြစ်ပြီး ပျော်စရာကောင်းတယ်လို့ဆိုပါတယ်။