မန်းရွှေစက်တော် ဘုရားပွဲတော်ကို အစဉ်အလာမပျက် စတင်ဖွင့်လှစ်ခဲ့ပြီး ကိုးခန်းကြီးသို့တက်ရောက်နိုင်မည့် ဓာတ်လှေခါးနှင့် ဆင်စခန်းကိုပါ ဖွင့်လှစ်ခဲ့
မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်အတွင်းရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကို ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက်က အစဉ်အလာမပျက် စတင်ဖွင့်လှစ်ခဲ့ပြီး ကိုးခန်းကြီးသို့တက်ရောက်နိုင်မည့် ဓာတ်လှေခါးနှင့် ဆင်စခန်းကိုပါ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။