တစ်ပတ်အတွင်း ပင်လယ်ရေကြောင်းမှ ပြည်ပသို့ ဆန်တန်ချိန် ၄၇၅၀၀ ကျော်တင်ပို့ခဲ့ရာ အိုင်ဗရီကို့စ်နိုင်ငံသို့ တင်ပို့မှု အများဆုံး ဖြစ်
၂၀၂၂ ခုနှစ် ဇန်နဝါရီလတတိယပတ်အတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုကနေ ပြည်ပကို ဒေါ်လာ ၁၄ ဒသမ ၆၈၉ သန်း တန်ဖိုးရှိတဲ့ ဆန်တန်ချိန် ၄၇၅ဝဝကျော် တင်ပို့ခဲ့ရာ အိုင်ဗရီကို့စ်နိုင်ငံကို အများဆုံးဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။