ဩစတြေးလျတွင် ဖေဖော်ဝါရီ ၂၁ ရက်မှစ၍ ကမ္ဘာလှည့်ခရီးသွားများအတွက် နယ်စပ်များကို ပြန်လည် ဖွင့်လှစ်မည်
ဩစတြေးလျနိုင်ငံက ဖေဖော်ဝါရီ ၂၁ ရက်မှစပြီး ကမ္ဘာလှည့်ခရီးသည်များအ တွက် ၎င်းရဲ့ နယ်စပ်များကို ပြန်လည်ဖွင့်လှစ်မယ်လို့ ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ဖေဖော်ဝါရီ ၇ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ ပြီး အဲ့ဒီ့ ကြေညာချက်မှာ ကမ္ဘာ့အတင်းကျပ်ဆုံးနှင့် အရှည်ကြာဆုံး ကပ်ရောဂါဆိုင် ရာ ခရီးသွားလာမှု ကန့်သတ်ချက်အချို့ကိုအ ဆုံးသတ်စေခဲ့ပါတယ်။