ဒေါ်အောင်ဆန်းစုကြည်အား အဂတိဖြင့်တရားစွဲထားသည့်အမှုအတွက်ဖေဖော်ဝါရီ ၁၈ ရက်တွင် လျှောက်လဲချက် ပေးရမည်
ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်များအရ ဒေါ်အောင်ဆန်းစုကြည်အား အဂတိဖြင့်တရားစွဲထားသည့်အမှုအတွက် တရားလိုပြသက်သေရဲအရာရှိငါးဦးကို စစ်ဆေးခဲ့ပြီး ဖေဖော်ဝါရီ ၁၈ ရက်တွင် လျှောက်လဲချက် ပေးရမည်
ဒေါ်အောင်ဆန်းစုကြည်ကို ရွှေနဲ့ဒေါ်လာတွေ လာဘ်ငွေအဖြစ်ပေးခဲ့ရတယ်ဆိုတဲ့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်တွေအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုထားတဲ့ ရာဇဝတ်ကြီး အမှု အမှတ်(၂) နဲ့ပတ်သက်ပြီး တရားလိုပြသက်သေ ရဲအရာရှိငါးဦးကိုစစ်ဆေးခဲ့ကြောင်း အမှုနဲ့ပတ်သက်ပြီးထွက်ပေါ်လာတဲ့ သတင်း တွေအရ သိရပါတယ်။