ဘာကီနာဖာဆို၏ အစိုးရအပြောင်းအလဲနှင့်ပတ်သက်၍ အလေးအနက်စိုးရိမ်ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ထုတ်ပြန်(ရုပ်သံ)
ပြီးခဲ့တဲ့လက ဘာကီနာဖာဆိုနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မကိုက်ညီတဲ့ အစိုးရအပြောင်းအလဲတစ်ရပ် ဖြစ်ပွားခဲ့ခြင်း အပေါ် အလေးအနက်စိုးရိမ်မိကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဖေဖော်ဝါရီ ၉ ရက်က ထုတ်ပြန်ခဲ့သော်လည်း အဆိုပါ ဖြစ်စဉ်ကို စစ်အာဏာသိမ်းမှုဟု ဖော်ပြခြင်းမပြုဖို့နဲ့ အလျင်စလို ပြစ်တင်ရှုတ်ချခြင်းမပြုဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။