မြန်မာနိုင်ငံ၏ အခြေအနေသည် အလွန်ပင် အကျပ်ရိုက်စရာ အခြေအနေဖြစ်နေဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်အနေနဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာ မှာ မြန်မာ့နိုင်ငံရဲ့အခြေအနေနဲ့ပတ်သက်ပြီး အလေးထားဆွေးနွေးသွားမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဖေဖော်ဝါရီ ၁၁ ရက်မှာ ပြောကြားခဲ့ပါတယ်။