နိုင်ငံရေးဆန်သည့်စကားလုံးများ ပြောကြားခဲ့မှုအတွက် ပေကျင်းအိုလံပစ် ပွဲစီစဉ်သူများကို IOC အကြီးအကဲက ဝေဖန်ပြစ်တင်
တရုတ်နိုင်ငံမှာ ဖေဖော်ဝါရီ ၁၇ ရက်က ပေကျင်းအိုလံပစ်ပြိုင်ပွဲအတွက် တာဝန်ရှိသူတစ်ဦးက ထိုင်ဝမ်နဲ့ ရှင်ကျန်းဒေသ အရေးတို့နဲ့ ပတ်သက်ပြီး နိုင်ငံရေးဆန်တဲ့ မှတ်ချက်တွေပြောကြားခဲ့မှုအတွက် နိုင်ငံတကာအိုလံပစ်ကော်မတီ အကြီးအကဲ သောမတ်ဘက်ချ်က ဖေဖော်ဝါရီ ၁၈ ရက်မှာ ဝေဖန်ပြစ်တင်ခဲ့ပြီး အိုလံပစ်ပွဲစီစဉ်သူတွေကို နိုင်ငံရေးနဲ့ ဆက်နွှယ်မှုမရှိစေဖို့ သတိ ပေးရန်အတွက် အစည်းအဝေးတစ်ရပ် ချက်ချင်းခေါ်ယူခဲ့ပါတယ်။