အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့ ရှေ့လ၌ လာရောက်မည်ဖြစ်ပြီး အမှုရင်ဆိုင်နေရသူများမှအပ နိုင်ငံရေးပါတီများအပါအဝင် အခြားပုဂ္ဂိုလ်များကို တွေ့ဆုံခွင့်ပြုမည်
ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဦးဆောင်တဲ့ အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့ ရှေ့လမှာ မြန်မာနိုင်ငံလာရောက်မှာဖြစ်ပြီး ခရီးစဉ်အတွင်း အမှုရင်ဆိုင်နေရသူတွေကလွဲရင် နိုင်ငံရေးပါတီများအပါအဝင် အခြားပုဂ္ဂိုလ်တွေကို တွေ့ဆုံခွင့်ပြုမယ်လို့ နစက အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖေဖော်ဝါရီ ၁၈ ရက်မှာ ပြောကြားခဲ့ပါတယ်။