ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်းများနှင့် ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အဂတိဖြင့် စွဲဆိုထားသည့် အမှုနှစ်မှုအား စစ်ဆေး
ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်းတွေမှာ ဘဏ္ဍာငွေကြေးများ နစ်နာဆုံးရှုံးခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုထားတဲ့ အမှုနှစ်မှုကို ဖေဖော်ဝါရီ ၁၈ ရက်က နေပြည်တော်ကောင်စီဝန်းအတွင်းရှိ အထူးတရားရုံးမှာ စစ်ဆေးခဲ့တယ်လို့ အမှုနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့သတင်းတွေအရ သိရပါတယ်။