နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို ၄င်းတို့ ရွေးကောက်ပွဲပြီးမှသာ ပြန်လည်စတင်မည်ဟု ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြောကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဆို
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ၄င်းတို့ ရွေးကောက်ပွဲပြီးမှသာ ပြန်လည်စတင်မည်ဟု ပြောကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။