ဟောင်ကောင်တွင် COVID – 19 ကူးစက်မှုများ မြင့်တက်
ဟောင်ကောင်မှာ COVID – 19 ကူးစက်မှုတွေမြင့်တက်နေမှုကို ရင်ဆိုင်နေရပြီး တရုတ်ပြည်မကြီးက ဆောက်လုပ်ရေး အဖွဲ့တွေရဲ့ အကူအညီနဲ့ ကွာရန်တင်းဝင်ရမယ့် အဆောက်အဦတွေနဲ့ ကုသရေးစင်တာတွေဆောက်လုပ်မှုကို အရှိန်မြှင့်တင်နေရ တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။