အီတလီတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ အရေးပေါ်အခြေအနေကြေညာထားခြင်းကို မတ်လကုန်တွင် အဆုံးသတ်မည်
အီတလီဟာ ကိုဗစ်အရေးပေါ်အခြေအနေကြေညာထားတာကို မတ်လကုန်မှာ အဆုံးသတ်သွားမှာဖြစ်ကာ ကပ်ရောဂါ ကျရောက်ချိန်အတွင်း ချမှတ်ခဲ့တဲ့ စည်းကမ်းတွေကို တဖြည်းဖြည်းရုပ်သိမ်းသွားမယ်လို့ ဖေဖော်ဝါရီ ၂၃ ရက်မှာ ဝန်ကြီးချုပ် မာရီယိုဒရာဂီက ပြောကြားခဲ့ပါတယ်။