ငမိုးရိပ်ချောင်း (ပုဇွန်တောင်ချောင်း) ၊ ရန်ကုန်မြစ်တို့တွင် ဆောင်ရွက်မည့် မြို့ပြဖွံ့ဖြိုးမှုလုပ်ငန်းများကို နိုင်ငံခြားချေးငွေ ရယူလုပ်ဆောင်ရန် မသင့်ဟု လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး
ငမိုးရိပ်ချောင်း (ပုဇွန်တောင်ချောင်း) ၊ ရန်ကုန်မြစ်တွေမှာ ဆောင်ရွက်မယ့် မြို့ပြဖွံ့ဖြိုးမှုလုပ်ငန်းတွေကို နိုင်ငံခြားချေးငွေ ရယူကာ လုပ်ဆောင်ဖို့ မသင့်လျော်ဘူးလို့ ဒဂုံမြို့သစ်မြောက်ပိုင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်မောင်မောင်က နိုဝင်ဘာလ ၁၉ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဝေဖန် ဆွေးနွေးခဲ့ပါတယ်။