ယူကရိန်းမှာ အမေရိကန်တပ်တွေနဲ့ ရုရှားတပ်တွေထိပ်တိုက်ထိတွေ့ပြီး ကမ္ဘာစစ်တစ်ခုပေါ်ပေါက်လာမှာကို မလိုလားတဲ့ အကြောင်း ဘိုင်ဒင်ကပွင့်ပွင့်လင်းလင်း ပြောပြီးပါပြီ။ “ကျွန်တော်တို့ရင်ဆိုင်နေရတာက အကြမ်းဖက်အဖွဲ့အစည်းတစ်ခု မဟုတ် ပါဘူး ၊ ကမ္ဘာ့အကြီးဆုံးစစ်တပ်တွေထဲကတစ်ခုနဲ့ရင်ဆိုင်နေရတာပါ ၊ အတော်မလွယ်ကူတဲ့အနေအထားဖြစ်လို့ အဖြစ်အပျက်တွေ က ဆိုးဆိုးဝါးဝါးဖြစ်သွားနိုင်တယ်” လို့ အခုလအစောပိုင်းမှာ NBC သတင်းဌာနကို ဘိုင်ဒင်ကပြောခဲ့ပါတယ်။