■ စစ်ပွဲဆိုတာကောင်းတဲ့ အရာမဟုတ်ပါဘူး။လူ့သမိုင်းမှာ ကမ္ဘာစစ်နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးဖြစ်ပါတယ်။လူတွေ သေကြေပျက်စီးတယ်။ မြို့ရွာနိုင်ငံတွေ ပျက်စီးတယ်။ ဒါတွေဟာ စစ်ပွဲတွေကြောင့် ဖြစ်ရတဲ့မကောင်းတဲ့အရာတွေဖြစ်ပါတယ်။
■ ယနေ့ကမ္ဘာမှာဆိုရင် စစ်ပွဲ မဖြစ်တဲ့ နေရာ၊ တိုက်ပွဲ မဖြစ်တဲ့ နေရာ မရှိသလောက်ပါပဲ။ လတ်တလော ရုရှား- ယူကရိန်းအရေးဟာ ယနေ့ကမ္ဘာကို တတိယကမ္ဘာစစ်ဆီ ဦးတည်သွားစေမလားဆိုတာ ကမ္ဘာတစ်ဝန်းက ပြည်သူတွေ စိုးရိမ်နေကြပါတယ်။