ခါကိဗ်တွင် အိန္ဒိယကျောင်းသားများ လူသားဒိုင်းအဖြစ် အသုံးချခံနေရသည်ဆိုခြင်းကို အိန္ဒိယငြင်းဆန်(ရုပ်သံ) ယူကရိန်းက ခါကိဗ်မြို့မှာ အိန္ဒိယ ကျောင်းသားများကို ဓားစာခံများအဖြစ် ထိန်းသိမ်းထားကြောင်း ရုရှား၏ပြောဆိုမှုများကို မတ်လ ၃ ရက်မှာ အိန္ဒိယအစိုးရက ငြင်းဆန်လိုက်ပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ အဲ့ဒီ့မြို့မှ အိန္ဒိယကျောင်းသားများကို ကယ်ထုတ်ရာမှာ အကူအညီပေးခဲ့တဲ့အတွက် ယူကရိန်းကို အိန္ဒိယက ကျေးဇူးတင်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။