ကင်းထောက်ဂြိုဟ်တု၏ အစိတ်အပိုင်းတစ်ခုကို စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယား ပြောကြား
မြောက်ကိုရီးယားက ကင်းထောက် ဂြိုဟ်တုတစ်စင်း ထုတ်လုပ်ရန်ရည်ရွယ်ပြီး နောက်ထပ် အရေးကြီးတဲ့ စမ်းသပ်ချက်တစ်ခုကို လုပ်ဆောင်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းမီဒီယာက မတ် ၆ ရက်မှာ ဖော်ပြခဲ့ပေမယ့် ကျွမ်းကျင်သူများကမူ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားသမ္မတရွေး ကောက်ပွဲမစတင်မီ ရက်ပိုင်း အလိုမှာ ပဲ့ထိန်းဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့ခြင်း ဖြစ်နိုင်တယ်လို့ သတိပေးခဲ့ပါတယ်။