မြောက်ကိုရီးယားက တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်နှင့် နျူကလီးယား စမ်းသပ်မှုများ ပြန်လုပ်ဆောင်လာနိုင်
မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုများသည် ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယခုနှစ်ထဲမှာ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်နှင့် နျူကလီးယားဗုံး စမ်းသပ်မှုများ ပြန်လည်လုပ်ဆောင်ရန် အစ ပျိုးခြင်း ဖြစ်နိုင်တယ်လို့ အမေရိကန် အမျိုးသားထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး ရုံး DNI က မတ်လ ၇ ရက်တွင် ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာတစ်ဝန်း ခြိမ်းခြောက်မှုများအပေါ် လေ့လာဆန်းစစ်မှုဆိုင်ရာ နှစ်ပတ်လည် အစီ ရင်ခံစာမှာ ဖော်ပြထားပါတယ်။