ဖားကန့် ကျောက်စိမ်းလုပ်ကွက်တွင် ရေမဆေးကျောက် ရှာဖွေသူများနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား ပဋိပက္ခဖြစ်ပွားပြီး သေနတ်မှန်မှုကြောင့် တစ်ဦးသေဆုံးကာ ကျောက်ရှာဖွေသူများက မော်တော်ယာဉ်အချို့နှင့် ကုမ္ပဏီ၏ အဆောင်နှစ်ခု ကိုမီးရှို့မှု ဖြစ်ပွား
ဖားကန့် ကျောက်စိမ်းလုပ်ကွက်မှာ နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းက ပဋိပက္ခဖြစ်ပွားပြီး ကျောက်ရှာဖွေသူတစ်ဦး သေနတ်မှန်သေဆုံးခဲ့ကာ ကျောက်ရှာဖွေသူများက မော်တော်ယာဉ်အချို့နှင့် ကုမ္ပဏီ၏ နှစ်ထပ်အဆောင် နှစ်ခုကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။