ယူကရိန်းကို ကျူးကျော်ခြင်းနှင့်ပတ်သက်ပြီး အပြစ်ပေးတဲ့အနေဖြင့် ရုရှားရေနံသွင်းကုန်များကို ပိတ်ရန် အမေရိကန်က ၎င်းရဲ့မဟာမိတ်များကို တွန်းအားပေးခဲ့ပြီးနောက် မတ်လ ၈ ရက်မှာ ရုရှားနှင့် အနောက်နိုင်ငံ များအကြား စွမ်းအင်စစ်ပွဲပေါ်ပေါက်မယ့် အရေးကို စိုးရိမ်မှုများ ကြီးထွားလာခဲ့ပါတယ်။