မလေးရှားက ခရီးသွားများအတွက် နယ်စပ်များကို ပြန်လည်ဖွင့်လှစ်မည်
မလေးရှားနိုင်ငံက ဧပြီ ၁ ရက်မှစပြီး COVID-19 ကာကွယ်ဆေးထိုးနှံပြီးတဲ့ ခရီးသွားများအားလုံးအတွက် ၎င်းရဲ့နယ်စပ် များကို ပြန်လည်ဖွင့်လှစ်သွားမယ်လို့ အာဏာပိုင်များက မတ် ၈ ရက်မှာ ပြောကြားခဲ့ပြီး မလေးရှားဟာ ကန့်သတ်ချက်စည်းမျဉ်းများ ကို ဖယ်ရှားပြီး ကိုရိုနာဗိုင်းရပ်စ်နှင့် အတူယှဉ် တွဲနေထိုင်ရန် ကြိုးပမ်းနေတဲ့ နိုင်ငံအများ အပြားမှာ ပူးပေါင်းပါဝင်လာခဲ့ပါတယ်။