မြန်မာနိုင်ငံ မြောက်ဘက်အကျဆုံး ခါကဘိုရာဇီ တောင်ခြေ ရှိ တလာထုကျေးရွာ ရွာလုံးကျွတ် မီးလောင်အကူအညီလိုနေ
မြန်မာနိုင်ငံ မြောက်ဘက်အကျဆုံး ခါကဘိုရာဇီ တောင်ခြေ ရှိ တလာထုကျေးရွာ ရွာလုံးကျွတ် မီးလောင်ခဲ့ပြီး စားနပ်ရိက္ခာနှင့် အဝတ်အထည် အကူအညီလိုနေ
ကချင်ပြည်၊ ပူတာအိုခရိုင်၊နောင်မွန်မြို့နယ်ရှိ မြန်မာနိုင်ငံ မြောက်ဘက်အကျဆုံး ခါကဘိုရာဇီ တောင်ခြေက အိမ်ခြေ ၁၃ လုံးရှိ တလာထုကျေးရွာတွင် မတ်လ ၄ ရက်နေ့လည်ပိုင်းက ရွာလုံးကျွတ် မီးလောင်ခဲ့ပြီး စားနပ်ရိက္ခာနှင့် အဝတ်အထည် အကူအညီလိုနေကြောင်း မြန်မာနိုင်ငံ ဝေးလံခေါင်ဖျားစားနပ်ရိက္ခာနှင့် အဝတ်အထည်များ ကူညီပေးနေသူ ဆန်လုရမ်ဆိန်းက ပြောကြားပါတယ်၊
#Khar kar Bo Yar Si