COVID-19 ကူးစက်ခံရခြင်း ရှိ၊မရှိ မဖြစ်မနေ စစ်ဆေးမှု လုပ်ဆောင်ခြင်းသည် ဦးစားပေး ကိစ္စရပ်မဟုတ်ဟု ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်ပြောကြား
ဟောင်ကောင်တွင် ဒေသခံ ၇.၄ သန်းလုံးကို အစုလိုက် COVID-19 ကူးစက်ခံရခြင်း ရှိ မရှိ စစ်ဆေးပြီး ယင်းနောက် မြို့တစ်ဝန်း Lockdown ချထားရန် စီစဉ်ခဲ့ပြီးနောက် COVID-19 ကူးစက်ခံရခြင်း ရှိမရှိ မဖြစ်မနေ စစ်ဆေးလုပ်ဆောင်ခြင်းသည် ရေရှည် ဦးစားပေး ကိစ္စရပ်မဟုတ်ကြောင်း အုပ်ချုပ်ရေးမှူး ကာရီလမ်က မတ်လ ၉ရက်တွင်ပြောကြားပါတယ်၊