ပြည်ပသို့ တရားမဝင်ငွေလွှဲပေးပို့ခြင်း(Hundi)လုပ်ငန်းများလျော့နည်းပပျောက်ရေးစည်းမျဉ်းတစ်ရပ်ရေးဆွဲဆောင်ရွက်နေကာ ၂၀၁၉ ခုနှစ်အတွင်းအပြီးဆောင်ရွက်မှာဖြစ်ကြောင်းဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌပြောကြား
ပြည်ပကိုတရားမဝင်ငွေလွှဲပို့ခြင်း(Hundi) လုပ်ငန်းတွေကြောင့် နိုင်ငံတော်ရဲ့ အခွန်ငွေများဆုံးရှုံးခြင်း၊ ငွေလွှဲသူတွေမသမာ ပြုလုပ်ခံရတဲ့အတွက် ဆုံးရှုံးနစ်နာမှုတွေ ရှိနေတဲ့အတွက် တရားမဝင် ငွေလွှဲလုပ်ငန်းတွေကိုထိန်းကျောင်းဖို့ စည်းမျဉ်းတစ်ရပ်ရေးဆွဲဆောင်ရွက်နေကြောင်းဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌရဲ့ ပြည်သူ့လွှတ်တော်မှာလာရောက် ဖြေကြားချက်အရသိရပါတယ်။