ပြောင်း၊နှံစားပြောင်း အပါအဝင် ပြောင်းကိုတစ်ဆင့်မြှင့်ကြိတ်ခွဲထုတ်လုပ်ထားသည့်ပစ္စည်းများပါဝင်သည့် ကုန်စည်လိုင်းများ ဧပြီ၁ ရက်မှစပြီးပို့ကုန်လိုင်စင်လျှောက်ထားပြီးမှ တင်ပို့ခွင့်ပြုမည်
ပြောင်း၊နှံစားပြောင်း၊ ပြောင်းစေ့၊ ပြောင်းမှုန့်အပါအဝင် ပြောင်းကို တစ်ဆင့်မြှင့်ကြိတ်ခွဲထုတ်လုပ်ထားတဲ့ပစ္စည်းတွေပါဝင် တဲ့ ကုန်စည်လိုင်းတွေကို ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ကစပြီး ပို့ကုန်လိုင်စင်လျှောက်ထားရယူပြီးမှသာ တင်ပို့ခွင့်ပြုမယ်လို့ မတ်လ ၉ ရက်နေ့က ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။