မတ်လ ၁၁ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီ တိုက်ရိုက်ထုတ်လွှင့်မှု )
■ မီးပုံမှန်မလာခြင်း၊ စက်သုံးဆီဈေး မြင့်တက်ခြင်းကြောင့် စက်ရုံအများစု အလုပ်သမားများကို အချိန်ပိုအလုပ်ချိန် လျှော့ချ ခြင်းများ ရှိလာ
■ သာကေတမြို့နယ် ၁၀/တောင် ရပ်ကွက်တွင် နေအိမ် ၁၄ လုံးမီးလောင်ကျွမ်းခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ် သံသုမာလမ်းရှိ KBZ ဘဏ် မီးလောင်ကျွမ်းမှုဖြစ်ပွား
■ ရုရှားတပ်များ မြို့တော်ကိယက်ဗ်နှင့်ပိုမိုနီးလာချိန်တွင် ကိယက်ဗ်သည် ခံတပ်အဖြစ်ပြောင်းလဲသွားပြီဟု မြို့တော်ဝန် ကလစ်ရှီကို ပြောကြား
■ ယူကရိန်းကလေးဆေးရုံ တိုက်ခိုက်ခံရသဖြင့် အနည်းဆုံး လူသုံးဦးသေဆုံး
■ လတ်တလောကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုများကို ထိန်းချုပ်နိုင်ပြီးမှသာ ဟောင်ကောင်ကို ပြန်ဖွင့်ရန် စီစဉ်ထားသည် ဟု အုပ်ချုပ်ရေးမှူးကာရီလမ် ပြောကြား
■ ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာရခြင်းကို အလွန်စိတ်ပျက်မိပြီး လာမည့်ရက်သတ္တပတ်များသည် ခက်ခဲမည်ဟု ပိုချက်တီနို ညည်းညူ
ဆိုတဲ့ ပြည်တွင်း၊ နိုင်ငံတကာနဲ့ အားကစားသတင်းတွေကို တင်ဆက်ပေးထားပါတယ်။