သံနှင့်သံမဏိပစ္စည်း လိုအပ်ချက်၏ ၉၅ ရာခိုင်နှုန်းအား ပြည်ပမှ တင်သွင်းနေရခြင်းကြောင့် နိုင်ငံပေါင်းစုံမှ အရည်အသွေးပေါင်းစုံဝင်ရောက်နေ၍ အရည်အသွေးနှင့် စံချိန်စံညွှန်းများတိကျစွာသတ်မှတ်ရန် လိုအပ်ဟု MISA ဥက္ကဋ္ဌ ပြော
မြန်မာနိုင်ငံမှာအစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှ သံထုတ်လုပ်နိုင်မှုဟာ ၅ ရာခိုင်နှုန်းသာရှိပြီး ပြည်တွင်းသံနှင့် သံမဏိပစ္စည်းလိုအပ် ချက်ရဲ့ ၉၅ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရတာကြောင့် နိုင်ငံပေါင်းစုံမှ အရည်အသွေးပေါင်းစုံ ဝင်ရောက်နေလို့စျေးကွက်နဲ့ သုံးစွဲသူတွေအတွက် အရည်အသွေးနဲ့ စံချိန်စံညွှန်းတွေတိကျစွာသတ်မှတ်ဖို့ လိုအပ်လာပြီဖြစ်တယ်လို့ မြန်မာနိုင်ငံသံနှင့်သံမဏိအသင်း(MISA) ဥက္ကဋ္ဌ ဒေါက်တာကေသီလွင်က ပြောကြားပါတယ်။