ဆီဘောက်ဆာယာဉ်တစ်စီး လမ်းဘေးထိုးကျတိမ်းမှောက်ရာမှ မီးလောင် ပေါက်ကွဲ

ဆီဘောက်ဆာယာဉ်တစ်စီး လမ်းဘေးထိုးကျတိမ်းမှောက်ရာမှ မီးလောင် ပေါက်ကွဲ
Published 18 March 2022

ပြွန်တန်ဆာမြို့၊ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ဆီဘောက်ဆာယာဉ်တစ်စီး လမ်းဘေးထိုးကျတိမ်းမှောက်ရာမှ မီးလောင် ပေါက်ကွဲပြီး ဆီဘောက်ဆာယာဉ်နှင့်လူနေအိမ်နှစ်လုံး မီးလောင် (ရုပ်သံ)

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ ရန်ကုန် - မန္တလေးလမ်းဟောင်းပေါ်မှာ ဆီဂါလံ ၂၈၀၀ ဆန့် ဆီဘောက်ဆာ မော်တော်ယာဉ်တစ်စီး လမ်းမဘေးကို ထိုးကျတိမ်းမှောက်မှုဖြစ်ပွားကာ ဆီဘောက်ဆာယာဉ်နဲ့ လူနေအိမ် နှစ်လုံးမီးလောင်ဆုံးရှုံးမှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါသူ တစ်ဦး မီးလောင်ထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့တယ်လို့ ညောင်လေးပင်မြို့နယ် မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။