NLDပါတီမှရေးမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်းမြို့နယ်ပါတီဥက္ကဌဖြစ်သူတို့၏နေအိမ်ချိပ်ပိတ်ခံရ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ရေးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်းနှင့် မြို့နယ်ပါတီ ဥက္ကဌဖြစ်သူ ဦးကျော်မိုးအေး ရဲ့ နေအိမ်ကို အကြမ်းဖက်အဖွဲ့အစည်းများနှင့်ဆက်စပ်နေတယ်လို့ ဆိုကာ မတ်လ (၁၈) ရက်မှာ သက်ဆိုင်ရာက ချိပ်ပိတ်ခဲ့တယ်လို့ မြို့ခံများရဲ့ ပြောကြားချက်များအရ သိရပါတယ်။