ရုရှားအား ဒဏ်ခတ်ပိတ်ဆို့မှုများမှ ရှောင်ရှားနိုင်အောင် ကူညီခြင်းမပြုရန်နှင့် ၎င်းဒဏ်ခတ်မှုများကို စီးပွားရေးအရ အမြတ်မထုတ်ရန် တရုတ်ကို အမေရိကန် သတိပေး
ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို စီးပွားရေးအရ အမြတ်ထုတ်ခြင်းမပြုဖို့နဲ့ ရုရှားကို ပို့ကုန်ထိန်းချုပ်မှုများမှ လွတ်မြောက်စေရန်အတွက် အကူအညီပေးခြင်းမပြုရန် အမေရိကန်အစိုးရက မတ်လ ၂၃ ရက် မှာ တရုတ်နိုင်ငံကို သတိပေးခဲ့ပါတယ်။